Aung Myint Myat
July 20, 2025
9 နှစ်တာခရီးမှာ Watchbay ဟာ အချိန်နဲ့အတူ တိုးတက်အောင်မြင်လာခဲ့ပါတယ်ဆိုတဲ့ concept ကို ဦးတည်ဖန်တီးထားပါတယ်။ ဒီဇိုင်းထဲမှာ အချိန်ကို ရေစီးကြောင်းတစ်ခုအဖြစ် ဖန်တီးထားပြီး၊ ကျွန်းစုများကို ကျွန်တော်တိုနေထိုင်ရာ ကမ္ဘာအဖြစ် တင်စားထားပါတယ်။ ရေစီးကြောင်းကို ကိုးပုံစံ (9-shape) အဖြစ် ဖန်တီးထားပြီး၊ Watchbay ရဲ့ 9 နှစ်မြောက် နှစ်ပတ်လည်ကို ကိုယ်စားပြုထားပါတယ်။ ရေစီးကြောင်းပတ်လည်ရဲ့ နေရာအနှံက နာရီ (watch models) 9 လုံးကတော့ Watchbay ရဲ့ မတူညီတဲ့ဖောက်သည်တွေရဲ့ နာရီကြိုက်နှစ်သက်ပုံတွေ နဲ့ တစ်နှစ်ခြင်းစီရဲ့ အမှတ်တရတွေအဖြစ် ကိုယ်စားပြုတာဖြစ်ပါတယ်။ အချိန်ဟာ မရပ်နိုင်တဲ့ စီးဆင်းမှုတစ်ခုဖြစ်ပြီး Watchbay ဟာလည်း အချိန်စီးဆင်းမှုမှာ ကျွန်တော်တိုနဲ့ တသားတည်း အမြဲအတူရှိနေခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။