Services

ချယ်ရီဦးမှ ဝယ်ယူထားသည့်နာရီများ Guarantee ကာလအတွင်း တစ်စုံတစ်ရာ စက်ချွတ်ယွင်း ခြင်း နှင့် ဘက်ထရီကုန်သွားခြင်းဖြစ်ခဲ့ပါက ချယ်ရီဦးနာရီဆိုင်များ (သို့မဟုတ်) ချယ်ရီဦး ၏ CHERRYOO SERVICE CENTER သို့ Voucher နှင့်တစ်ကွ လာရောက် ပြသ၍ ပြင်ဆင်နိုင်ပါသည်။ အကယ်၍ ချယ်ရီဦးမှဝယ်ယူထားပြီး Guarantee ကာလကျော်လွန်နေသော နာရီများ ချို့ ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက စျေးနှုန်းသင့်တင့်စွာ ဆောင်ရွက်ပေးပါမည်။

မှတ်ချက်။ ။Guarantee သည် ဝယ်ယူသည့်ရက်စွဲမှ နှစ်နှစ်အတွင်း အလိုလျောက်စက်ပိုင်း ဆိုင်ရာချို့ယွင်းချက်နှင့် ဓါတ်ခဲအားကုန်ခြင်းအတွက်သာဖြစ်ပြီး မတော်တဆ ထိခိုက်ကျိုးပဲ့ကွဲ ရှမှုများအတွက် ပစ္စည်းတန်ဘိုးပေးဆောင်ရမည်။

နာရီ Cover ချိန်းပေးခြင်း

G-shock ချစ်သူ၊ Baby-G ချစ်သူများရဲ့ နာရီအလှလေးများကို အရောင်ပြောင်းပတ်ချင်သူများ၊ 
cover ပြောင်းလိုသူများကိုလည်း၊ မိနစ်ပိုင်းအတွင်း လဲလှယ်ဆောင်ရွက်ပေးနေပါသည်။

 

ရေဝင်ခြင်း၊ရေငွေ့ရိုက်ခြင်း

နာရီများမှာ တခါတရံရေဝင်ပြီး ၊ ရေငွေ့ရိုက်ခြင်း များဖြစ်ပေါ်တတ်ပါတယ်။ အဓိက ရေဝင် ၊ ရေငွေ့ ရိုက်ရခြင်း အကြောင်းအရင်းကတော့ ၊ သော့သီး ဝါရှာ ၊ မှန်ဝါရှာ မလုံခြင်း ၊ နာရီစက်ဖုံးဝါရှာ များကြောင့်ဖြစ်ပေါ်လာ ရခြင်းပါ။ အဲ့အတွက်တော့ လူကြီးမင်းစိတ်မပူပါနဲ့ ။ အထက်ပါ ကိစ္စများ ဖြစ်ပေါ်လျှင် Cherry Oo Service Centre သို့ အရောက်လှမ်းခဲ့ပါ ။ စိတ်ချရအောင် ဆောင်ရွက် ပေးနေပါတယ်။

 


သော့သီးသော့တံလဲလှယ်ပေးခြင်း

နာရီရဲ့ အဓိက အချက်တစ်ချက်ဖြစ်တဲ့ သော့သီးအရစ် သွင်းတပ်ဆင်ထားတဲ့ သော့တံများဟာ အင်မတန်ပါးလွှာတဲ့ သံချောင်းငယ်လေးများကို ဒီဇိုင်းပြုတပ်ဆင်ထားသည့်အတွက် ကျိုးပဲ့တတ်ပါသည်။ စိုရိမ်စရာမလိုပါ။ Cherry Oo Service Center ကိုကြွခဲ့ပါ။ အသစ်၊ အကောင်းပကတိ အတိုင်းလဲလှယ်ပေးနေပါသည်။

 

အရောင်တင်ခြင်း၊အစင်းဖျောက်ခြင်း

နာရီများဟာ အသုံးပြုနေရင်း ၊ ရာသီဥတုဒဏ်၊ ပွတ်တိုက်မှုဒဏ် နှင့် အခြားအကြောင်းများကြောင့် အရောင်မှိန်သွားတတ်ပါတယ်။ ရွှေရောင်၊ အနက်ရောင်များမှလွဲ၍ စတီးအစစ်များကို အရောင်တင်ပေးပြီး၊ အသစ်နီးနီးတောက်ပသွားလိုလျှင်လည်း Cherry Oo Service Center သို့ လာရောက် Service ယူနိုင်ပါတယ်။

ရွှေရောင်၊ အနက်ရောင်များကို စတီးအရောင်သို့ ပြောင်းလိုလျှင်လည်း၊ အရောင်ချွတ်၊ ပေါလစ်တင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးနှင့် အသက်သာဆုံး ဈေးနှုန်းများဖြင့်ဆောင်ရွက်ပေးနေပါသည်။

 


နာရီကျောက်ပြုတ်ထွက်ခြင်း

ထိမိခိုက်မိရင်ဘဲဖြစ်ဖြစ်၊ မတော်တဆပြုတ်ကျ ၍ဘဲဖြစ်ဖြစ်၊ နာရီမှန်များကွဲအက်တတ်ပါတယ်။ စိတ်မပျက်သွားပါနဲ့ Cherry Oo Service Center ကိုလာရောက်၍ မှန်အသစ်လဲလှယ်နိုင်ပါတယ်။ မှန်အသစ် လဲလှယ်ပြီးလျှင်လည်း ရေလုံ၊မလုံ စစ်ဆေးခြင်းကိုပါ ဆောင်ရွက်ပေးပြီး၊ မှုလအတိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပါသည်။


မှန်အသစ်လဲလှယ်ပေးခြင်း

ထိမိခိုက်မိရင်ဘဲဖြစ်ဖြစ်၊ မတော်တဆပြုတ်ကျ ၍ဘဲဖြစ်ဖြစ်၊ နာရီမှန်များကွဲအက်တတ်ပါတယ်။ စိတ်မပျက်သွားပါနဲ့ Cherry Oo Service Center ကိုလာရောက်၍ မှန်အသစ်လဲလှယ်နိုင်ပါတယ်။ မှန်အသစ် လဲလှယ်ပြီးလျှင်လည်း ရေလုံ၊မလုံ စစ်ဆေးခြင်းကိုပါ ဆောင်ရွက်ပေးပြီး၊ မှုလအတိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပါသည်။

 


နာရီဒိုင်ခွက်ဆေးပေးခြင်း

လူကြီးမင်းတို့၏ နာရီများရဲ့ ဒိုင်ခွက်များဟာ နှစ်ကြာလာရင် သို့ ရာသီဥတုဒဏ်ကြောင့် အရောင်မှိန်ခြင်း၊ ဆေးကွာခြင်းများဖြစ်တတ်ပါသည်။ ဒီကိစ္စကိုလည်း Cherry Oo Service Center မှဖြေရှင်းပေးပါသည်။ ဒိုင်အသစ်ရေဆေးခြင်း၊ ဒိုင်ခွက်မှကပ်ထားသော Index လေးများကွာထွက်ခြင်း၊ လက်တံများလဲလှယ်ခြင်းတို့ကို ဈေးနှုန်းမှန်ကန်စွာဆောင်ရွက်ပေးပါသည်။

ဓာတ်ခဲကုန်ခြင်း

ချယ်ရီဦး Service Centre အနေဖြင့် လူကြီးမင်း၏ နာရီများ ဓာတ်ခဲကုန်သွားတဲ့အခါဖြစ်ဖြစ် ၊ စက်ရပ်သွားတာဖြစ်ဖြစ် ၊ ပြုပြင်လိုရင်ဘဲဖြစ်ဖြစ် ၊ စိတ်ချရအောင် ရက်ချိန်းမှန်မှန်နှင့် ပြင်ဆင်ပေးမှာပါ။ ဓာတ်ခဲလဲခြင်းကို မိနစ်ပိုင်းအတွင်း အပြီးစီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။


 


Watch Engraving

​မိမိတို့တန်ဖိုးထားရတဲ့နာရီ နောက်ဖုံးတွင် ကိုယ့်ရဲ့ချစ်ရတဲ့သူ မြတ်နိုးရတဲ့သူတွေရဲ့ အမည်စာလုံးများကို အမှတ်တရ ရေးထိုးခြင်းများ ပြုလုပ်လို့ရပါသည်။


Service Center Address

Cherry Oo Service Center Yangon

  • No - 408, First Floor,Thein Phyu Road,Coner Near Traffic Light (Old Thein Phyu East Zay), Mingalar Taung Nyunt Township,Yangon.
  • Ph No; 01-200290 / 09 42890290

Cherry Oo Service Centre Quick (Anawrahta)

  • No – 221, Ground Floor, Between 32 x 31 St,Anawrahta Road, Pabaedan Township, Yangon.
  • Ph No; 423390179

 Cherry Oo Service Centre (Junction Square)

  • Junction Square,Ground Floor,Room 306,Corner Of Kyuntaw Road & Pyay Road,Kamaryut Township,Yangon.
  • Ph No; 09-970040883

 Cherry Oo Service Center (Mandalay)

  • No – 552, 83 Road, Between 34 x 35 Road, Chanayetarzan Township, Mandalay
  • Ph No;  256528322

 Cherry Oo Service Center (Naypyitaw)

  • No – 5A/B, Myoma Zay, Zabu Thiri Township, Naypyitaw.
  • Ph No; 09- 420047267

Cherry Oo Service Center ( Myithyina )

  • Room 30, Shwe Phyu Meeyahtar Apartment, Thakhin Net Phay Road,Myitkyina.
  • Ph No;  255111055

 Cherry Oo Service Center ( Mawlamyaing )

  • Ocean Super Center, Ground Floor, Upper Road,Bogone Wd, Mawlamyine.
  • Ph No; 09-977122590, 09-451461641

Cherry Oo Service Center ( Myeik )

  • BEHS 1 Road, Near Bogayoke Statue,Myeik. 
  • Ph No;  059-41525